ထုံးသရွတ်
ထုံးသရွတ်ပြုလုပ်ရာ၌ ခွက်နှင့်ချင်၍ထုံးတစ်ဆ သဲတစ်ဆ အုတ်မှုန့်တစ်ဆကို
အခြောက်အတိုင်းသမအောင် ရောစပ်ပြီးမှ
ရေကိုပန်းကရားနှင့်ဖြည်းညှင်းဟ၏စွာလောင်း၍သမအောင်မွှေပေးရသည်။ ထိုအစပ်ကိ
လွယ်ကူစေရန် 1:1:1 ဟုခေါ်သည်.အုတ်နံ၇ံများတွင်ကျံရန်ဖြစသော ထုံးသရွတ်ကို
ခွက်ချင်အားဖြင့် ထုံးနှစ်ဆ သဲသုံးဆနှင့် အုတ်မှုန့်တစ်ဆရောစပ်ရသည်။ ယင်းကို
ရေအနည်းငယ်နှင့်ခပ်မာမာ ဖျော်စပ်ရသည်. ထိုအစပ်ကို 2:3:1 ဟုခေါ်သည်။
ဘိလတ်မြေကွန်ကရစ်
ဘိလတ်မြေကွန်ကရစ်၌ အသုံးပြုသော ရိစာများမှာ ကျောက်ကျိုးအုတ်ကျိုး
ကျောက်စရစ်ခဲနှင့် အုတ်ကြွပ်အကျိုးများဖြစ်ကြသည်။ရိစာများ၏ အရွယ်အစားမှာ
အချင်းတစ်လက်မခွဲရှိ သံကွင်းဝင်မှ အချင်းလက်မ၀က်ရှိ
သံကွင်းဝင်အထိရှိုနီုင်လေသည်။ ယင်းတို့ကို ကွန်ကရစ်၏ အထူအပါးးအလိုက်
အသုံးပြုကြသည်။ အင်္ဂတေနည်းပါးစေ၇န်ကွန်ကရစ် ပိုမိုသိပ်သည်းစေရန်အတွက်
ရိစာများ၌အရွယ်အကြီးအသေးအစဉ်လိုက်ပါရှိစေရသည်။ တစ်လက်မခွဲရိစာ ဆိုသည်မှာ
အားလုံးသောရိစာများသည်အလျား 1 1/2" အနံ 1 1/2"
ရှိသံဆန်ခါမှ ကျ၍ အနံအလျား 3/16 (သုံးပဲ) စိရှိ ဆန်ခါပေါ်မှာ တင်သော
ရိစာဖြစ်သည်။ ယင်းကိုအလျား 3/4" အနံ 3/4" (သုံးမတ်)ရှိ
ဆန်ခါနှင့် ချသောအခါ ဆန်ခါပေါ်၌ တင်သော ရိစာသည် ရာခိုင်နှုန်း 30 ထက်လည်း
မနည်းစေရ 60% ထက်လည်းမများစေရ။ ထိုအရွယ်ရှိရိစာကို အုတ်မြစ်ခံ
ကွန်ကရစ်များ၌လည်းကောင်း ၊ကွန်ကရစ်တုံးအကြီးစားများ၌လည်းကောင်း ၊
22လက်မထက်ထူသော သံချောင်းများဖြင့်အားဖြည့်ရသည့်ကွန်ကရစ်များ၌
အသုံးပြုကြသည်။
တစ်လက်မရိစာ
တစ်လက်မရိစာဆိုသည်မှာ အားလုံး တစ်လက်မဆန်ခါမှကျ၍
တစ်မူးဆန်ခါပေါ်တင်သည်။ထိုရိစာကို ငါးမူးဆန်ခါနှင့်ချသောအခါ
တင်ရှိသောရိစာသည် 30%ထက်မနည်းသည့်အပြင် 60%ထက်လည်းမများချေ။ ဤအရွယ်ကို
4လက်မထက်တူသော ဘိလတ်မြေကွန်ကရစ်များနှင့် အထူ10လက်မနှင့် 22လက်မ အကြားရှိ
သံအားဖြည့်သွင်းရသည့် ကွန်ကရစ်များ၍အသုံးပြုသည်။
သုံးမတ်ရိစာ
သုံးမတ်ရိစာဆိုသည်မှာ အားလုံးသုံးမတ်ဆန်ခါမှကျ၍ တစ်လက်မ၏ဆယ်ပုံတစ်ပုံ
ဆန်ခါတွင်တင်သည်။ ထိုရိစာကို သုံးပဲဆန်ခါနှင့်ချသောအခါ တင်ရှိသောရိစာသည်
30%ထက်မနည်းသည့်အပြင် 60%ထက်မများချေ။ ထိုအရွယ်ရှိရိစာကို 2"
နှင့် 4" အတွင်းအထူရှိသော ဘိလတ်မြေ ကွန်ကရစ်များနှင့် 5"
နှင့် 10" အတွင်းရှိသော သံအားဖြည့်သွင်းရသည့်
ကွန်ကရစ်များ၍အသုံးပြုသည်။
No comments:
Post a Comment