Sunday, March 10, 2013

အဆောက်အအုံအင်ဂျင်နီယာအတတ်(၄)

အုတ်မှုန့်
ကောင်းစွာမိးကျက်သည့် အုတ်များကိုထောင်းသောအခါ အုတ်မှုန့်ကိုရရှိသည်။မီးကျွမ်းသောအုတ်နှင့် မီးမကျက်သောအုတ်များကိုထောင်း၍ အုတ်မှုန့်မလုပ်သင့်ပေ။အုတ်မှုန့်ကို ထုံးဖြူသန့်နှင့် ရော၍အသုံးပြုလျှင် ထုံးသည်မြေဆီမြေဓာတ်ရ၍ ရေထိုးသောအခါ အိပ်သောကြောင့် ထုံးကို အုတ်မှုန့်နှင့် ရော၍ အသုံးပြုကြသည်။

ဘိလပ်မြေ
သဘာဝမှ ရရှိသော ဘိလပ်မြေ လုပ်ယူ၍ရရှိသော ဘိလပ်မြေဟူ၍ နှစ်မျိုးရှိသည်။ သဘာဝဘိလပ်မြေမှာ ထုံးနှင့်မြေစေးရော၍ အဆစ်ဆစ်ထနေသော ကျောက်ကို မီးဖိုတွင်ဖုတ်၍ အမှုန့်ချထားသော ဘိလပ်မြေ ဖြစ်သည်။ ထိုဘိလပ်မြေသည်လုပ်၍ရသောဘိလပ်မြေထက် များစွာညံ့ဖျင်းသဖြင့် အသုံးပြုမှုမရှိပေ။

ဘိလပ်မြေ၏ဂုဏ်အင်္ဂါများ
ဘိလပ်မြေမှာ ညစ်ပြာသောအရောင်အသွေးရှိသော အမှုန့်ဖြစ်၍ ထုထည်တစ်ပေလျှင် အလေးချိန် 94 ပေါင်လေးသည်။ ဘိလပ်မြေသည် စွတ်စိုထိုင်းမှိုင်းသော လေနှင့်ထိတွေ့ပါက ရေခိုးရေငွေ့ကို စုပ်ယူ၍မာသော အဖြစ်သို့ကူးပြောင်းလေသည်။ထိုဘိလပ်မြေကို အသုံးပြု၍မရပေ။ထိုကဲ့သို့ မာလာသော အချိန်တွင် အပူဓာတ်ထွက်လာသည်။အပူဓာတ်ကုန်သောအခါ ကွဲအက်တတ်သည်။ဘိလပ်မြေသည် Tension ကိုအနည်းငယ်သာ ခံနိုင်၍
compression ကိုအများဆုံးခံနိုင်သည်။ဘိလပ်မြေကို စံကိုက်သဲ 3ဆနှင့် ဖျော်ပြီး 3ရက်အကြာတွင် ဆွဲဆန့်သောအခါပေါင်ချိန် 300ခံနိုင်ရမည်။ 7ရက်ကြာသောအခါပေါင်ချိန် 375 ခံနိုင်ရမည်။

ဘိလတ်မြေသရွတ်
ဘိလတ်မြေသရွတ်ဖော်စပ်ရာ၌ ခွက်ချင်အားဖြင့်ဘိလတ်မြေတစ်ဆ သဲသုံးဆကိုသမအောင်ရောစပ်ပြီးမှ နာရီဝက်အတွင်းကုန်လောက်ရုံသာ ဖော်စပ်ရသည်။ထို အစပ်ကို 1:3ဘိလတ်မြေ အင်္ဂတေဟုခေါ်သည်။ အုတ်ကွက်ဖောရန်နှင့် ရေနှင့်ထိတွေ့သော နေရာများအတွက် ဘိလတ်မြေကို ဖော်စပ်ရာတွင် ဘိလတ်မြေတစ်ဆ သဲနှစ်ဆဟူသောအချိုးအရစပ်သည်။ထိုအချိုးကို 1:2 အချိုးဟုခေါ်သည်။ ထိုအင်္ဂဗတသည် အကောင်းဆုံးနှင့် အခိုင်မာဆုံး ဖြစ်သည်။ 

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ