ပျောင်းအိခြင်းကိုတိုင်းထွာခြင်း(slump test)
ဘိလတ်မြေကွန်ကရစ်တုံးတစ်ခုမှာ ဖိနှိပ်ခြင်းကိုခံနိုင်သောအင်အားသည်
ကွန်ကရစ်ဖျော်စပ်သောအခါတွင် အသုံးပြုသော
ရေအနည်းအများတွင်ပေါ်တည်ရှိသောကြောင့် ရေနှင့်ရောစပ်သောအခါများစွာ
ဂရုပြုသင့်သည်။ ရေနည်းပါက ကွန်ကရစ်စတုန်းတစ်လက်မသည် ပေါင်ချိန် 5000 မှ
6000 အထိရှိသော compression ကိုခံနိုင်သော်လည်း ရေများသောအခါ ပေါင် 500 မှ
600 လောက်အထိသာခံနိုင်ရည်ရှိသည်။ ရေနည်းပါက ပျောင်းအိခြင်းနည်းသောကြောင့်
အလုပ်လုပ်၍မဖြစ်နိုင်ရှိလေသည်။ ရေများသော်လည်း အားပျော့လွန်းသဖြင့် ရေကို
သင့်တော်ရုံသာထည့်ရသည်။ရေများသည်နည်းသည်ကို ပျောင်းအိခြင်းက
ထင်ရှားစွာပြသောကြောင့် ပျောင်းအိခြင်းကိုကြည့်၍ ရေကိုအသုံးပြုကြရသည်။
ပျောင်းအိမှုကိုတိုင်းထွာသောကိရိယာမှာ
အ၀ိုင်းထုချွန်ပိုင်းဖြတ်၍မှောက်ထားသော ကတော့ပုံရှိသည်။ ထိုကတော့မှာ
အပေါ်အ၀၌ အချင်း4” ရှိ၍ အောက်အ၀၌အချင်း 8” ရှိစေပြီးကတော့ဝိုင်း၏အမြင့်မှာ
12” တိတိရှိသည်။ ထိုကတော့ပိုင်းကို သွပ်ရည်သုတ်သံပြားနှင့်ပြုလုပ်၍
တစ်ဖက်တစ်ချက်တွင် “မ” ယူရန်လက်ကိုင် ကိုင်းနှစ်ခု တပ်ဆင်ထားသည်။
စမ်းသပ်သောအခါထိုကတော့ကို ပျဉ်ပြားပေါ်၌ မှောက်ထားပြီှးလျှင် ဖျော်စပ်ပြိး
ကွန်ကရစ်ကို 3” အမြင့်ထည့်သွင်း၍ တစ်ဖက်ချွန်ထားသော
နှစ်ပေအရှည်ရှိခြောက်မူးသံချောင်းလုံးနှင့်
15ကြိမ်တိုင်တိုင်ဆောင့်ပေးပြီးမှ နောက်ထပ် 3”အထူထပ်ထည့်ရသည်။
ထိုနည်းအတိုင်းကတော့ပြည့်အောင် ထည့်ပြီးလျှင်
ပိုနေသောကွန်ကရစ်ကိုညီအောင်ပြုပြီးလျှင် နဘေးတွင်၇ှိသော
လက်ကိုင်ကိုင်းနှစ်ခုနှင့် မယူလိုက်သောအခါ အတွင်း၌ရှိသော ကွန်ကရစ်အစိုသည်
အောက်သို့ပျောင်းအိကျသွားမည်။ထိုအိကျသွား သော ကွန်ကရစ်၏အမြင့်ကို
တိုင်းကြည့်သောအခါနဂိုအမြင့်ထက် မည်ရွှေ့မည်မျှ လျှောကျသည်ကို
ပျောင်းအိခြင်း၏ အတိုင်းအထွာဟုခေါ်သည်။
ပျောင်းအိခြင်းအတိုင်းအထွာကို အသုံးပြုမည့်နေရာကို
လိုက်၍သတ်မှတ်ထားသည်။ရေအောက်သို့ ကျရောက်မည့် ကွန်ကရစ်များ၌ တစ်လက်မ မှ
တစ်လက်မခွဲအထိ ရှိစေရမည်။ အုတ်မြစ်ချသော ကွန်ကရစ်များ၌ တစ်လက်မ မှ
နှစ်လက်မအထိ ရှိစေရမည်။ ကွန်ကရစ်ကြမ်းခင်းများ၌ နှစ်လက်မ မှ သုံးလက်မ အထိ
ရှိစေရမည်။ သံအားဖြည့်သွင်းထားသော ကွန်ကရစ်တိုင်များနှင့် ထုတ်များ၌ 3” မှ
5” ထိရှိစေရမည်။ သံကူကွန်ကရစ်ကြမ်းခင်းများ၌ 4” မှ 6” ထိရှိစေရမည်။
အုတ်များကို ရေစိမ်ခြင်းအကြောင်း
အင်္ဂတေအတွင်း၌ ရေရှိမှသာလျှင် အင်္ဂတေအိပ်၍မာလာနိုင်သည်။ အင်္ဂတေမအိပ်မီ
အထူးသဖြင့်နွေရာသီများ၌ အင်္ဂတေကိုလျှင်မြန်စွာခြောက်သွေ့ခြင်းမှ
ကာကွယ်ပေးရသည်။ အုတ်များသည် အင်္ဂတေအတွင်းမှ ရေကိုမစုပ်ယူနိုင်စေရန်နှင့်
ယင်းတို့မျက်နှာပြင်၌ကပ်နေသော ဖုံမှုန့်များကိုပပျောက်စေရန် အုတ်များကို
ရေစိမ်ရသည်။ရေစိမ်လိုက်သောအခါ အုတ်မှဖောင်းလာသော လေလုံးကလေးများ
တက်လာလိမ့်မည်။ ထိုလေလုံးကလေးများ ငြိမ်သွားသည့်တိုင်အောင်
အုတ်ကိုရေစိမ်ပေးရသည်။အဆောက်အအုံ စည်းကမ်းများ၌ အုတ်မစီမီ
နှစ်နာရီတိုင်တိုင် ရေစိမ်ရန်ညွှန်ပြထားသည်။
No comments:
Post a Comment