နိမ့်ကျမှု(ခ)အတွက်
ဆောင်ရွက်ရန်နည်းလမ်းများ
ဆောင်ရွက်ရမည့်နည်းလမ်းမှာ
ရွံ့လွှာအတွင်းရှိရေများကို အမြန်ထွက်သွားစေရန် ဆောင်ရွက်သော နည်းဖြစ်ပါသည်။ရေစိမ့်ထွက်နှုန်းမြန်ရန်
ဖိအားများများပေးပြီး ရေထွက်လမ်းကြောင်းတိုရန် ပြုလုပ်ပေးရမည်။
လမ်းတာတည်ဆောက်ချိန်အတွင်း ရေများထွက်လာနိုင်ရန်
သဲဖြင့်ရေထုတ်ခြင်းပုံစံ (Sand Drain Design) ထုတ်ရပါသည်။
-
ပုံစံပါအတိုင်း
တည်ဆောက်မည့် လမ်းတာအောက်တွင်ရွံ့မြေလွှာပေါ်မှ သတ်မှတ်အချင်းရှိသော လွန်ဖြင့် လွန်တူးစက်
( Auger Boring Machine) အသုံးပြုကာ တွင်းများတူးလျက် ရွံ့များကိုဖယ်ရှား ပစ်ရမည်။
-
ရွံ့မြေထုတ်ထားသောတွင်းထဲသို့
သတ်မှတ်အရွယ်အစားရှိသော သန့်စင်သည့်သဲများထည့်ပေးရမည်။
-
တည်ဆောက်မည့်လမ်းတာ
အောက်ခြေတပြင်လုံးကို သန့်စင်သောသဲဖြင့်ဖုံးအုပ်ပေးရမည်။ သတ်မှတ်ထားသော အထူရှိရမည်။
-
ယင်းသဲမြေပေါ်တွင်
လမ်းတာကို အလွှာလိုက်တဖြေးဖြေးတည်ဆောက်ရမည်။
-
တည်ဆောက်ချိန်၌စိမ့်ထွက်လာသည့်ရေ၏တွန်းအား
(Pore Water Pressure) နှင့်ရေထွက်နှုန်းကို တိုင်းတာရမည်။
-
တည်ဆောက်ပြီးလမ်းတာ၏ဖိအားကြောင့်
ရွံ့မြေလွှာသို့သက်ရောက်သော လျှောပြတ်ဖိအား (Shear Stress) သည်မြေ၏လျှောဖြတ်ခံနိုင်အား
( Shear Strength) ထက်မများစေရန် တိုင်းတာတွက်ချက် ပြီး လမ်းတာကို တဖြေးဖြေးတည်ဆောက်ရမည်။
၂။
ရုတ်တရက်ပြိုကျမှုကြောင့်ပျက်ယွင်းခြင်း ( Failure due to sudden shear failure)
ဤပျက်ယွင်းမှုကို
လမ်းတာလျှောစောင်းပြိုကျခြင်း ( Slope Failure) ဟုခေါ်ပါသည်။ ဤကဲ့သို့ပြိုကျခြင်းမှာလမ်းတာ၏
လမ်းတာ၏အလေးချိန်ကြောင့်ဖြစ်ပေါ်လာသော လျောဖြတ်အားသည် လမ်းတာနှင့်လမ်းတာအောက်မြေလွှာ၏
လျောဖြတ်ခံနိုင်အားတို့ထက်များသောကြောင့်ဖြစ်ပါသည်။
တားဆီးရန်နည်းလမ်းများ
- လမ်းတာ၏ဖိအားကိုလျှော့ပေးခြင်း
- လမ်းတ၏ခံနိုင်အားတိုးရန်ပြုလုပ်ခြင်း
- လမ်းတာအောက်မြေလွှာ၏ အင်အားတိုးလာရန်ပြုလုပ်ခြင်း
No comments:
Post a Comment