Friday, March 1, 2013

ရေးသားဖွဲ့သီ စာပန်းချီ

-->

မိုးယံထက်က ပန်းမဉ္ဇူ

ရင်မှာချစ်ခြင်း
မြားတစ်စင်းက
စူးနစ်ဝင်ရောက်
အသည်းပေါက်လည်း
မိုးမြင့်နန်းလယ်
ရွှေဘုံပေါ်ဝယ်
စံပျော်နန်းသူ
မောင့်မဉ္ဇူကို
ချူလှမ်းဖို့ရာ
မမှီသာခဲ့။
လွမ်း
ရင်မှာပွင့်လန်း မေတ္တာပန်းကို
တင့်ဆန်းဂုဏ်ရည် အခြေတည်မှ
ဖွင့်ဟပြောမည် စိတ်ကြံရည်လည်း
သက်ထားသခင် ချစ်သူရင်တွင်
ပိုင်စိုးသူက ရှိနှင့်ပြီ
အလွမ်းမောင့်မှာ ပိုတော့သည်။

3 comments:

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ