ကျောက်လမ်း
ဤလမ်းမှာခွဲကျောက်ဖြင့်တည်ဆောက်ထားသောလမ်းဖြစ်သည်။
ဤလမ်းသည်အမာခံလမ်းထက် အင်အား ကောင်းရမည့်လမ်းဖြစ်ပါသည်။ စနစ်တကျတည်ဆောက်ပြုပြင်ထိန်းသိမ်းနိုင်ပါက
ရာသီမရွေး သွားလာ နိုင်သောလမ်းဖြစ်ပါသည်။
ဤလမ်းလွှာမှာလည်းမိုးရေစိမ့်ဝင်မှုကို
မတားဆီးနိုင်သဖြင့် လမ်းလျှောစောင်း 5% ရှိရမည့်အပြင် မျက်နှာပြင် ညီညာမှုမှာလည်းသတ်မှတ်ချက်ထက်မများရပါ။
အလွှာအထူသည်
အနည်းဆုံး 9" ကြိတ်ခင်းပြီးရှိရမည့်အပြင် Soaked CBR သည် အနည်းဆုံး 40% ရှိရပါမည်။
ကျောက်လမ်း၏မျက်နှာပြင်ညီညာချေမွေ့စေရန်
မျက်နှာပြင်လွှာရှိကျောက်များ၏အရွယ်သည် 2" ထက်မကြီး သင့်ပါ။ ကျောက်များသည် ယာဉ်များ၏ပွတ်အားကြောင့်လွင့်စင်ထွက်သွားခြင်းမရှိစေရန်
Binder ခေါ်စေးကပ်မှု ရှိသည့်အမှုန့်များကျောက်လွှာတွင်ပါရမည့် အပြင် ရေဖြန်းကြိတ်ထားရန် လိုအပ်ပါ သည်။
No comments:
Post a Comment