Sunday, March 10, 2013

အဆောက်အအုံအင်ဂျင်နီယာအတတ်(၃)

ထုံး

ထုံးကို ထုံးကျောက်နှင့် ကံကာ ခေါ်ကျောက်တစ်မျိုးမှရရှိသည်။ထုံးဖြစ်ပေါ်လာစေရန် ထိုထုံးကျောက်နှင့်ကန့်ကာကျောက်များကို မီးဖုတ်ပြီးမှ ရေဖျန်း၍ ဖောက်ရသည်။ထုံးကျောက်မှရရှိသော ထုံးသည် သန့်ရှင်းသောကြောင့် နံရံများကို သရိုးကျံရာ၌၎င်း ယာယီအဆောက်အအုံနှင့် သေးငယ်သောအဆောက်အအုံများ၌၎င်း အသုံးပြူသည်။ကံကာကျောက်မှ ရရှိသောထုံးမှာမူ မြေဆီမြေဓာတ်ပါ၍အရေးပါအရာေ၇ာက်သော အလုပ်များနှင့် အုတ်များကိုစီခင်းရာ၌ အသုံးပြုသည်။
ထုံးကျောက်ကို မီးလောင်အောင်ဖုတ်လိုက်သောအခါ ထူံးကျောက်၌ပါသော carbon dioxide ထွက်သွာ၍ Calcium oxide ခေါ်မဖောက်ထုံးဖြစ်လာသည်။ထိုမဖောက်ထုံးကို ရေဖျန်း၍ဖောက်လိုက်သောအခါ အပူရှိန်ပြင်းလာသဖြင့် မဖောက်ထုံးခဲများဖောင်းကြွတက်လာပြီ့း အခိုးအငွေ့များဖြစ်လာပြီးသော် နူးညံ့သော်အမှုန့်ဖြစ်လသည်။ထုံးကျောက်မှရရှိသော ထုံးမှာသန့်ရှင်းသောကြောင့် ဖြူဖွေးသော အရောင်ရှိသည်။
ကံကာ ကျောက်မှရရှိသောမဖောက်ထုံးသည် မြေဆီမြေနှစ်ပါသောကြောင့် ရေဖျန်း၍ဖောက်လိုက်သောအခါ အပူရှိန်လည်းမများ ဖောင်းပွခြင်းလည်းမဖြစ် ဘဲအရောင်ခပ်ညစ်ညစ်ရှိ ထုံးဖြစ်လာသည်။ဤထုံးသည် သန့်ရှင်းသောထုံးထက် ပိုခိုင်မာသော အင်္ဂတေသရိုးဖြစ်ပေါ်စေသည်။

ထုံးသိုလှောင်ခြင်း
ထုံးကိုမဖောက်ထုံးအဖြစ်နှင့်သာ သိုလှောင်ထားရသည်။ လေထဲ၌ပါသော ရေခိုးရေငွေ့များနှင့် မထိတွေ့စေရန် ခြောက်သွေ့လုံခြုံသော " ဂိုဒေါင်" များတွင် သိုလှောင်ရသည်။ ထိုမဖောက်ထုံးကို အသုံးပြုခါနီးမှ ရေဖျန်း၍ ဖောက်ရသည်။

သဲ
အင်္ဂတေဖော်စပ်ရာ၌ အသုံးပြုသော သဲသည်မာကျော၍သန့်ရှင်းစင်ကြယ်ပြီးထက်သောစောင်းများနှင့်ပြည့်စုံရသည်။ ရွှံ့၊ဆား၊ဆော်ဒါနှင့် အခြားဓာတ်များ မပါစေရ။ရွှံ့ပါဝင်မှုကို သိလိုသောအခါ ဖန်ခွက်တစ်ခွက်တွင်ကြည်လင်သော ရေကိုထည့်၍ သဲလက်တစ်ဆုပ်စာမျှ ထည့်ပြီးမွှေပေးပါ။ နာရီအနည်းငယ်ကြာ၍ သဲများထိုင်သွားသောအခါ ရွှံ့မည်မျွပါသည်ကို သိနိုင်သည်။ ရွှုံ့ 5% ထက်ပို၍ ပါရှိပါက ထိုသဲကို ရေဆေးပြီးမှ အသုံးပြုရသည်။သဲကို မြစ်များ ချောင်းများမှ လည်းကောင်း၊ မြေကြီးတွင်းများမှလည်းကောင်းတွေ့နိုင်သည်။ပင်လယ်မှရရှိသော သဲသည်ဆားဓာတ်ပါ၍ အသုံးမပြုသင့်ပေ။ 

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ