အခုကျွန်တော်တင်မယ့် ခေါင်းစဉ်လေးက အထူးသဖြင့် 1Stလေးတွေအတွက်
ရည်ရွယ်ထားတာပါ။ BMC မှာပါတာတွေကို မြန်မာလိုပြန်ရေးးထားတာပါ။ကျွန်တော်တို့
1St တုန်းက မြန်မာလို သိပ်မသိတော့ ကျက်ရတာတော်တော်ခက်
ပါတယ်။ဒါကြောင့်သူတို့တွေ ကျက်ရတာလွယ်အောင်၊ မြန်မာလိုလည်းသေသေချာချာ
သိနိုင်အောင် ရည်ရွယ်တာပါ။
အုတ်ပုံခြင်းအကြောင်း
အုတ်တစ်ပုံမှာ အုတ်ချပ်ရေ 1000ရှိရပါမည်။သို့မှသာ
အုတ်ရေတွက်ရာတွင်လွယ်ကူမည်။အုတ်ပုံတစ်ခုနှင့် တစ်ခုကြားမှာ
လူတစ်ယောက်လျှောက်ကြည့်နိုင် အောင်လမ်းများ ပြုလုပ်ထားရမည်။
အုတ်၏အင်္ဂါ၇ပ်များ
ကောင်းစွာမီးကျက်သော အုတ်၏အရောင်သည် ညီညာစွာနီမြန်းသော အရာင်ဖြစ်၍
ကွဲအက်ခြင်း၊တွန့်လိမ်ခြင်းမရှိဘဲ ထက်သောအုတ်ဇောင်းများရျိသည်။
လက်သည်းနှင့်ခြစ်ကြည့်သောအခါ အစင်းကြောင်းများမထင်ဘဲ အုတ်နှစ်ချပ်ကို
တီးကြည့်သောအခါ သာယာသောအသံထွက်ပေါ်လာသ်ည်။အုတ်ကို နှစ်နာရီမျှရေတွင်
စိမ်ထားပါက အုတ်၏မူလအလေးချိန်၏ 5ပုံ 1ပုံလေးသောရေစိမ့်ဝင်သည်။အုတ်သည်
စတုရန်းတစ်ပေလျှင် တန်50 အလေးကို ခံနိုင်သည်။
ပထမတန်းစားအုတ်များသည် အထက်ပါအချက်များနှင့် ပြည့်စုံပြိး
ဒုတိယတန်းစားအုတ်များမှာအသွေးအရောင်အနည်းငယ်ဖျော့၍ အကွဲအအက် အနည်းငယ်ပါသည်။
နှာ
အုတ်နံရံတစ်ခု၌ အုတ်တစ်ချပ်နှင့် တစ်ချပ်ကြားရှိ သရိုးကြောင်းကို နှာ
ဟုခေါ်သည်။ ထိုနှာ၏အထူမှာ တစ်လက်မ၏ လေးပုံတစ်ပုံ(တစ်မတ်)သာရှိ၍ 3/8
(သုံးမူး)ထက်မပိုရ။များသောအားဖြင့် အုတ်တစ်လွှာနှင့်တစ်လွှာကြားရှိ
နှာတစ်လက်မ၏ သုံးမူးထုရှိရသည်။ အုတ်နံဘေး တစ်ခုနှင့်တစ်ခုအကြားရှိနှာမှာမူ
တစ်မတ်ရှိရသည်။ထိုနှာကို ဒေါင်နှာ ဟုခေါ်သည်။
အလွှာ
ရေပြင်ညီ အတိုင်းတန်းလျက်ရှိသော နှာနှုစ်ခုအကြားရှိ အုတ်နံရံ၏အလျားနှင့်
အနံအတုင်းစီထားသော အုတ်အထပ်ကို အလွှာ ဟုခေါ်သည်။ထိုအလွှာသည် အထက်နှာတစ်ခုနှင့်
အတူတစ်ကွ 3" (သို့) တစ်ပေလျှင် လေးလွှာရှိရမည်။
အုတ်ကျိုး
အုတ်စီရာ၌ အုတ်များကိုချိုး၍ အသုံးပြုရသည်။အုတ်အလယ်တည့်တည့်ချိုးထားပါက
ထက်ပိုင်းကျိုး၊ အုတ်၏ လေးပုံသူံးပုံတွင် ချိုးထားပါက တစ်စိတ်ကျိုး
ကျန်အပိုင်းကို သုံးစိတ်ကျိုးဟု အုတ်အကျိုးကိုလိုက်၍ ခေါ်ကြသည်။
No comments:
Post a Comment