ရိုးရိုးကွန်ကရစ်အောက်ခံ အုတ်မြစ်လုပ်ငန်း
ထုံး(သို့)ဘိလပ်မြေ၊ကျောက်၊သဲဖြင့် ရောစပ်ထားသော ကွန်ကရစ်အမာခံ အုတ်မြစ်လုပ်ငန်းဖြစ်သည်။ ကွန်ကရစ်ရောပြီးလျှင်ပြီးချင်းချက်ချင်းလောင်း ရမည်။ တစ်ပေထက်ပိုမြင့်သောနေရာ မှ လောင်းမချရ။ထုကြီးသောလုပ်ငန်းများတွင်အလွှာလိုက်လောင်း၍ တစ်လွှာလျှင် 6" ထက်ပိုပြီးမထူရပေ။ကွန်ကရစ်စတင် မအိပ်မီ သိပ်သသည်းသွားစေရန် အတွက်သစ်သားဒင်ဖြင့် ဆောင့်ပေးရမည်။ အုတ်မြစ်ကျင်းသည် 3လက်မ; ထက်ပိုနက်ပါက ကွန်ကရစ်ကို ကျင်းပေါ်မှ သွန်းလောင်ခြင်းမပြုရဘဲ လက်ဆင့်ကမ်း၍သော်လည်းကောင်း ရေတံလျှောက်ပုံစံပြုလုပ်၍သော်လည်းကောင်း သွန်းလောင်းရမည်။တူးထားသည့် အုတ်မြစ်ကျင်းသည် ပုံစံတွင်သတ်မှတ်ထားသော အလျားနှင့် အနံထက်ကျယ်နေလျှင် ကျောင်ပုံးကို ကြိုတင်ရိုက်၍ လောင်းရမည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ကွန်ကရစ်မျက်နှာပြင်ကို သံလက်ဖြင့် ညှိရန်မကြိုးစား သင့်ပေ။အစိုပြန်၍ အပေါ်မျက်နှာပြင်သို့ တက်လာသောအရည်တို့ကို ကွန်ကရစ်ပျော့နေစဉ် ဘိလပ်မြေများ မပါလာစေရန်အပေါ်ယံတွင်ဖြည်းညှင်းစွာသပ်၍ ဖယ်ထုတ်ရမည်။
အုတ်မြစ်၏ အနက်သည် အခြေခံအောက်မြေ၏ မာမှုပျော့မှုပေါ်တွင်မူတည်သည်။ ရွှံ့မြေများသည် နွေအခါ၌တွန့်၍ မြေပက်ကြားအက်များပေါ်လာတတ်သည်။ဤကဲ့သို့ အက်ကွဲခြင်းများဖြစ်ပေါ်လာသောအခါ အုတ်မြစ်ပါရောပါသွားတတ်သောကြောင့် ထိုမြေပက်ကြားအက်ဆုံးသော နေရာအထိ တူးမှသာ စိတ်ချရသည်။ ရေ၀ပ်တတ်သော မြေနေရာပေါ်၌ အုတ်မြစ်ချရန်မြေကို ၄လက်မ; ခန့်နက်အောင်တူးရသည်။ ရေမတင်သောနေရာများ၌မူ ၃လက်မ; ထက်နက်အောင်တူးစရာ အကြောင်းမရှိပေ။
လိုအပ်သောထုနှင့်ရေချိန်ကို အနီးစပ်ဆုံးရရှိစေရန် ကွန်ကရစ်မလောင်းမီ ငုတ်တိုင်လေးများကြိုတင် စိုက်ထားသင့်သည်။
No comments:
Post a Comment