အုတ်မြစ်ချခြင်း

အုတ်မြစ်ချခြင်းသည် အုတ်နံရံများကို တည်တံ့စေခြင်း အုတ်စီရာ၌ ညီညာပြန့်ပြူးသော မျက်နှာပြင်ရစေခြင်း၊ ကျဉ်းမြောင်းသော အခြေပေါ်တည်ထားပါက ပြိုကျတတ်ခြင်းကို ကာကွယ်စေခြင်း အုတ်နံရံ၏ အလေးချိန်ကို ကျယ်ပြန်းသော မြေနေရာသို့ပြန့်သွားစေခြင်း စသော အကျိုးများကြောင့် အုတ်မြစ်ချရခြင်း ဖြစ်သည်။
အုတ်မြစ်ချခြင်းသည် သက်ရောက်သည့် ၀န်အားကို ထိုဝန်အားအောက်တည့်တည့် မြေကြီးအတွင်းမှ ပုံစံ အမျိုးမျိုးဖြင့် ခုခံအားပြုခြင်းဖြစ်သည်။ မြေမာပေါ်၌ 50 ပေထက် မမြင့်သော အုတ်နံရံများအတွက် ပြုလုပ်ရသော အခြေခံအုတ်မြစ်တို့မှာ
1။ ကွန်ကရစ်ဖိနပ်တစ်ခုတည်းသာပါသော အခြေခံအုတ်မြစ်
2။ အုတ်နံရံထုထည် ကျယ်ပြန့်သော အုတ်ဖိနပ်တစ်လွှယာ သို့ အုတ်ဖိနပ်အလွှာများပါသော အခြေခံအုတ်မြစ်
3။ ကွန်ကရစ်ဖိနပ်နှင့်အတူ အုတ်ဖိနပ်အလွှာများပါသော အခြေခံအုတ်မြစ် ဟု သုံးမျိုးရှိသည်။