Monday, March 25, 2013

အဆောက်အအုံအင်ဂျင်နီယာအတတ် (၁၀)

သံကူကွန်ကရစ် အုတ်မြစ်လုပ်ငန်း

သံကူကွန်ကရစ်တွင် သံမဏိပျော၊့ သံချေင်းများ (သို့) သီးသန့်ထုတ်လုပ်ထားသော သံမဏိပျော့ရက်ကွက်များနှင့် စံညွှန်းကိုညီသော ကွန်ကရစ်တို့ပါဝင်သည်။

သံချောင်းများမှ ချိုးများ သံချေးများကို သံဘီးဖြင့်ပွတ်တိုက်ပစ်ရမည်။ ဆီနှင့်ဖုံတို့လည်း ကင်းရှင်းစေရမည်။ အုတ်မြစ်အောက်ခြေတွင်အနည်းဆုံး 4" ထုရှိသော အောက်ခံကွန်ကရစ်ကို ဘိလပ်မြေ တစ်ဆ၊ သဲသုံးဆ၊ ကျောက်စရစ် ခြောက်ဆ တို့ဖြင့်ရောစပ်၍ သွန်းလောင်းပြိးမှ သံကူကွန်ကရစ်အုတ်မြစ်ကို ဆက်လက် ပြုလုပ်ရမည်။ အသေးစိတ်ပုံစံတွင် ဖော်ပြထားသည့်အတိုင်း အားကူသံချောင်းကို နေရာတကျထား၍ မရွှေ့နိုင်စေရန် အတွက် 14 ဂိတ်၊ 18ဂိတ် သွန်းခုန်ကြိုးတို့ဖြင့် ချည်နှေင်ထား၇မည်။ အားကူသံချောင်းများကို ပုံစံခွက်နှင့် ကွာနေစေရန်အတွက် ကွန်ကရစ်တုံးကလေးများ(သို့) သံချောင်းအတိုကလေးများဖြင့် သံချောင်းကိုခုထားပေးရမည်။

ကွန်ကရစ်မလောင်းမိကျောက်ပုံးပုံစံကို တိကျခိုင်ခန့်စွာပြုလုပ်ပြိးမှ သံကူကွန်ကရစ်အုတ်မြစ်အတွက် ကွန်ကရစ်ကို ကျင်းအပေါ်မှ သွင်းလောင်းခြင်းမပြုဘဲ လက်ဆင့်ကမ်း၍သော်လည်းကောင်း ရေတံလျှေက်ပုံစံပြုလုပ်၍သော်လည်းကောင်း သွန်းလောင်းရသည်။ သံကူကွန်ကရစ် အုတ်မြစ်သိပ်သည်းမှုရှိစေရန် သံချောင်းများ သစ်သားချောင်းများထိုးဆွပေးခြင်းဖြင့်လည်းကောင်း တုန်ခါအောင်ဖြင့်လည်းကောင်း ဆောင်ရွက်ရမည်။ သံကူကွန်ကရစ် အုတ်မြစ်တိုင်များပြုလုပ်ရာတွင် တိုင်များ၏ ဗဟိုချက်နှင့် ထောင့်စွန်းများတိကျ မှန်ကန်မှုရှိစေရန် အောက်ခံကွန်ကရစ်အကြမ်းပေါ်တွင် အုတ်မြစ်တိုင်၏ အနားထောင့်ကွက်များကို သင်္ဘောဆေးဖြင့် ကြိုတင်မှတ် ထား၇မည်။

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ