အုတ်နံရံအထူအပါးခေါ်ပုံ
အုတ်နံရံအထူအပါးကိုခေါ်ရာ၌ ပေ၊ လက်မ အစရှိသည်တို့ဖြင့်မခေါ်ဘဲ
ထိုနံရံ၌ပါဝင်သော အုတ်ကိုလိုက်၍ခေါ်ကြသည်။ eg. 4 ½ အထူရှိသောအုတ်နံရံကို
အုတ်တစ်နံထူဟုခေါ်သည်။ 9” အထူရှိသော အုတ်နံ၇ံကို အုတ်တစ်နံထူဟုခေါ်၍ 13 ½
အထူရှိသောအုတ်နံရံကို အုတ်တစ်လျားတစ်နံ အစရှိသည်ဖြင့် နှစ်လျားနံရံ၊
နှစ်လျားခွဲနံရံ၊ သုံးလျားနံရံဟုခေါ်ကြသည်။
အုတ်နံရံဆောက်လုပ်ခြင်း၏ရည်ရွုယ်ချက်များ
အုတ်နံရံဆောက်လုပ်သောအခါ (၁) အိမ်အမိုးကြမ်းခင်းတို့၏
အလေးဝန်ကိုထမ်းထားစေခြင်း၊ (၂) မြေကြီးတည့်မတ်စွာရှိစေရန်
ကာကွယ်ပေးစေခြင်း၊ (၃) ရေကန်များ၌ ရေကိုကာကွယ်ပေးစေခြင်း၊ (၄)
အခန်းများ၏အကာနံရံဖြစ်စေခြင်း စသောရည်၇ွယ်ချက်တို့ဖြင့် နံရံကို
တည်ဆောက်ကြသည်။
၁) အိမ်အမိုးကြမ်းခင်းတို့၏ အလေးဝန်ကိုထမ်းထားရမည့် အုတ်နံရံများကို
အပေါ်မှအောက်သို့ထုတစ်ခုတည်း ဖြစ်အောင်တည်ဆောက်လေ့ရှိသည်။တစ်ခါတစ်ရံ
engineer သည် အဆောက်အအုံ၏ အထပ်တစ်ထပ်လျှင် တစ်ကြိမ်
အုတ်ဆုတ်စီသွားလေသည်။ယက်မကြီးများနှင့် ဒိုင်းခွေများပါရှိသော
အဆောက်အအုံများ၌ ထိုအလေးဝန်ကို ခံနိုင်စေရန်အတွက်
အုတ်တိုင်အထူများတည်ဆောက်၍ အုတ်တိုင်တစ်ခုနှင့်တစ်ခု အကြားတွင် “အခန်း”
ဖြစ်စေရန် အုတ်နံရံအပါးများကိုတည်ဆောက်ကြသည်။ထိုအုတ်တိုင်များ၏
အောက်ခံမြေသည် အားပျော့နေပါက အုတ်တိုင်များ၏ခြေတွင်ပက်လက်အုတ်ကုန်းများကို
အုတ်မြစ်အတွင်း၌ တည်ဆောက်၍ ထိုအုတ်ကုန်းတို့အား အလေးဝန်ကို
မျှတ၍ထမ်းဆောင်စေရသည်။ ထိုပက်လက်အုတ်ကုန်း၏ အထူကို အုတ်တိုင်၏ အနံနှင့်
တူညီစေ၍ အောက်သို့ အခန်း၏ ရှစ်ပုံတစ်ပုံခွက်၍ ဆင်းစေပြီးလျှင် အုတ်ကုန်း၏
ထိပ်ကို အပေါ်ဆုံးအုတ်ဘိနပ်အလွှာတွင်ရှိစေရသည်။
`(၂) မြေကြီးတည့်မတ်စွာရှိစေရန် ကာကွယ်ပေးသောအုတ်နံရံများ၌
အုတ်နံရံ၏တစ်ဖက်၌ရှိသော မြေကြီးသည် အုတ်နံရံကိုမြေကြီးမရှိသောဖက်သို့
အမြဲတစေတွန်းကန်လျက်ရှိ၏။ ထိုတွန်းကန်သောအားကို အုတ်နံရံက
တံ့ခံထားနိုင်မှသာ အုတ်နံရံခိုင်မြဲနိုင်သည်။အုတ်နံရံသည် ထိုတွန်းအားကို
မခံနိုင်လျှင်မြေကြီး မရှိသောဖက်သို့ ပြိုကျမည်ဖြစ်သည်။ထိုကြောင့်
ထိုအုတ်နံရံမျိုးကို တည်ဆောက်သောအခါ မြေကြီး၏
တွန်းကန်အားမည်မျှရှိကြောင်းကို သိရှိရန်လိုသည်။
(3) ရေကန်များ၌ ရေကိုကာကွယ်ပေးသောတွန်းအားကိုခံနိုင်ရန်အတွက် အမြင့်၏ 10 ပုံ 7ပုံ ရှိစေရမည်။
(၄) အခန်း၏အကာအကွယ်အဖြစ်အသုးံပြုသော အုတ်နံရံများမှာအပေါ်ဝန်မရှိပါက
ယင်းတို့ကို အုတ်တစ်နံအထူမှ အုတ်တစ်လျားအထူအထိရှိအောင်
တည်ဆောက်ကြသည်။အတွင်းနံရံများကို ပါးပါးတည်ဆောက်၍ အပြင်နံရံများကို
အပူဓာတ်အတွင်းသို့ မရောက်ရှိအောင်ထူထူဆောက်လုပ် ကြသည်။
No comments:
Post a Comment