ကျာက်ပုံးရိုက်ခြင်းလုပ်ငန်း
ကျောက်ပုံးများသည် ကွန်ကရစ်အလေးချိန်နှင့်
ကွန်ကရစ်သွန်းလောင်းချိန်တွင်ကျရောက်မည့် အခြားအလေးချိန်များကို
ကောင်းစွာခံနိုင်စေရန်အတွက် တောင့်တင်းခိုင်ခန့်ရမည့်အပြင်
တုန်ခါစက်များအသုံးပြုသည့်အခါ
ဘေးဘောင်များကားထွက်ခြင်းမရှိစေရပေ။ကျောက်ပုံးများတွင်
အသုံးပြုသည့်ပျဉ်များကိုထပ်တလဲလဲအသုံးပြုခြင်းဖြင့်
ကျောက်ပုံးအတွက်ကုန်ကျစရိတ်ကို သက်သာစေနိုင်သည်။ကျောက်ပုံးများကို တောသစ်၊
အထပ်သားနှင့် သံပြားများဖြင့်ပြုလုပ်ကြသည်။သစ်ကိုကွေးကောက်ခြင်းများမှ
ကာကွယ်ရန်ကျေက်ပုံးပြုလုပ်လျှင် သင့်လျော်သောသစ်အားရွေးချယ် သုံးသင့်သည်။
ကျောက်ပုံးများ၏ကြမ်းခင်းများ၊ယက်မဘေးဘောင်များ
တိုင်ဘေးဘျောင်များကို ကနဦးဖြုတ်၍ ယက်မအခင်းများနှင့်သီတိုင်များမဖြုတ်ဘဲ
ချိန်ထားနိုင်ရန်စီမံထားရမည်။ကျောက်ပုံးအဆက်သည်ညိညာနေရမည့်အပြင်
ရေလုံအောင်စီမံထားရမည်။
ကျာက်ပုံးအတွင်းပိုင်းကို
ကွန်ကရစ်မလောင်းမီစစ်ဆေးနိုင်ရန်အတွက်လည်းကောင်း၊
သန့်ရှင်းစေရန်ဆေးကြောလိုက်သောရေနှင့်အမှိုက်များထွက်နိုင်ရန်အတွက်လည်းကောင်း
သင့်လျော်သောနေရာတွင်
အပေါက်များချန်ထားရမည်။ထိုအပေါက်များကိုလည်းရေလုံအောင်စီမံထားရမည်။ပုံစံခွက်ဖြုတ်ရာ၌ဖြေးညင်းစွာဖြုတ်ရမည်။သစ်သားများကွဲအက်ခြင်း
ကျိုးခြင်းမရှိရပေ။ပုံစံခွက်မဖြုတ်မိနှင့် ဖြုတ်ပြီးလျှင် ကွန်ကရစ်
အပျက်အစီး အတိမ်းအစောင်းရှိမရှိစစ်ဆေးရမည်။
ပုံစံခွက်များအားထပ်တလဲလဲ
သုံးနိုင်ရန်အသုံးပြုပြီးပုံစံခွက်များဖြုတ်ပြိးစနစ်တကျသယ်ယူသိမ်းဆည်းထားရမည်။
အသုံးပြုပြီးသည့်အခါတိုင်း သစ်သားပြားများကို သန့်ရှင်းစင်ကြယ်စွာ
ဆေးကြောထားရမည်။
No comments:
Post a Comment