ပိုင်တိုင်အုတ်မြစ်လုပ်ငန်း ( Pile Foundation)
အဆောက်အဦးဆောက်လုပ်မည့်မြေကွက်များ၌ မြေမာများကိုတော်ရုံအနက်တွင်
မတွေ့သောအခါ သံကူကွန်ကရစ်ဖြင့် ပြုလုပ်ထားသော ပိုင်တိုင်ကြီးများကို
မြေအတွင်းသို့ ရိုက်သွင်းဆောင်ရွက်ရသည့် အုတ်မြစ်လုပ်ငန်းဖြစ်သည်။ပိုင်တိုင်များအားစံချိန်မီ စေရန်ကွန်ကရစ်လောင်းပြီး ၂၈ ရက်ကြာထားရှိပြီးမှသာလျှင် ပိုင်ရိုက်ခြင်းကို ပြုလုပ်ရသည်။တိုင်း၏ အရွယ်အစားမှာ အနည်းဆုံး ၉လက်မx ၉လက်မအချင်းရှိ သည်.။ များသောအားဖြင့် ၁၄လက်မ x ၁၄လက်မ လေးထောင့်တိုင်များဖြစ်ကြ၍ ၁၅ပေ မှ ၄၀ပေ အထိရှည်ကြသည်။ မြေသွင်းတိုင်များရိုက်ရာ၌ ပုံစံတွင်သတ်မှတ်ထားသည် အနက် (သို့) နောက်ဆုံးရိုက်ချက် ၁၀ ချက်အတွက် ပျမ်းမျှအ၀င်နှုန်းအထိရိုက်ရသည်.
No comments:
Post a Comment