ရင်မှသော်တာ လစန္ဒာမို့
ချစ်ထွဋ်တင်သည်
သက်ထားသခင် မောင့်မျက်ရှင်
ချစ်သူအလှစာဖွဲ့ရလျှင်
ရွှေစင်သိင်္ဂါ ကြိမ်ရာလှော်သစ်
သွန်း၍ဖြစ်သို့ ပြောင်ရွှန်းပသည်
နတ်ပန်းချီ မင်ဆေးနှင့် ပုံရေးလည်းမမှီ
ပပ၀တီ မေဘရဏီရယ်ရှုံး
ပြိုင်သူမုန်းအောင်လှရက်နိုင်သည်
ဣနြေ္ဒသိက္ခာ နှိုင်းယှဉ်လာလည်း
စံရာမြတ်ထား တော်လေးဝအသွင်
မောင်မှတ်ထင်သည်။
မိုးမှာကြယ်စင် မြေခလျှင်လည်း
ထားခဲ့သစ္စာ မောင့်မေတ္တာသည်
မသွေစေကြောင်း ဆုထပ်လောင်း၍
စံကျွန်းသုံးလူ့ နှိုင်းတုမမြင်
မြတ်စောရှင်ကို ရိုသေညွတ်ကြည်
တင်လျှောက်မိသည်
ချစ်သူယုံစမ်းစေချင်သည်။
No comments:
Post a Comment