ကလေးအရွယ်
ငယ်ဘဝ
ဖြူစင်စအရွယ်
နင်နဲ့ဆုံကာ
ခင်မင်ခဲ့တဲ့ငါ
ရက်ကို လပေါင်း
နှစ် လ ပြောင်းလို့
အရွယ်ရောက်လာတဲ့အခါ
ငါကိုယ်တိုင်တောင်မသိလိုက်ဘဲ
နက်ရှိုင်းလှတဲ့
ချစ်မေတ္တာနဲ့
နင့်ကိုငါ
တွယ်တာစွာ
မြတ်နိုးမိခဲ့တယ်။
ဒါပေမယ့်
သူငယ်ချင်းရယ်
၅၂၈ သွယ်ဆိုတဲ့
ဖြူစင်တဲ့
ချစ်ခြင်းမေတ္တာကို
အရောင်ဆိုးဖို့
မ၀ံ့ရဲခဲ့သူငါ
နင့်အတွက်နဲ့ကြိတ်ငိုခဲ့ရတာ
နင်မသိနိုင်ခဲ့ပါဘူး။
No comments:
Post a Comment