Thursday, March 7, 2013

လမ်းအကြောင်းသိကောင်းစရာများ(၄)



ကွန်ကရစ်လွှာခင်းခြင်းကို ကွန်ကရစ်ဖျော်စပ်သောလုပ်ငန်းများမှ Joint များ Seal လုပ်သောလုပ်ငန်းအထိ စန်စတကျစံချိန်စံညွှန်းအတိုင်းဆောင်ရွက်မှသာလျှင် ပျက်ယွင်းမှုနှင့် အက်ကွဲမှုများလျော့နည်းမည်ဖြစ်ပါသည်။
ကွန်ကရစ်လွှာတွင်ဖြစ်တတ်သော ပျက်ယွင်းမှုအမျိုးအစား လေးမျိုးရှိပါသည်။ ယင်းတို့မှာ
(1) Faulting
(2) Depression
(3) Pumping
(4) Rocking တို့ဖြစ်ပါသည်။

ပျက်ယွင်းမှုအမျိုးအစား
(၁) Faulting
(ကွန်ကရစ်များ၏ Joint နေရာများတွင် မတူညီသောနိမ့်ဆင်းမှုများဖြစ်ပေါ်ခြင်း)
ပျက်ယွင်းမှုဖြစ်နိုင်သည့်အကြောင်းအရင်း
နိမ့်ဆင်းသည့်ဖက်ရှိအောက်ခံမြေနှင့် အခြေခံလွှာအင်အားနည်းခြင်း
နေ့ညအပူချိန်ခြားနားမှုများသဖြင့် ကွန်ကရစ်လွှာကော့တက်ခြင်း၊ ကော့ဆင်းခြင်း

ပျက်ယွင်းမှုအမျိုးအစား
(2) Depression
(Joint နှင့် Crack နေရာများတွင်နိမ့်ဆင်းခြင်း)
ပျက်ယွင်းမှုဖြစ်နိုင်သည့်အကြောင်းအရင်း
အောက်ခံမြေနှင့် အခြေခံလွှာအင်အားနည်းခြင်း

ပျက်ယွင်းမှုအမျိုးအစား
(3) Pumping
(Joint နှင့် Crack များကို ယာဉ်ဖြတ်သန်းချိန်၌ ယင်း Joint နှင့် Crack များသည်ထက်အောက်လှုပ်ရှားပြီး ရွှံ့၊ နုံး အရည်များ အပေါ်သို့ထွက်လာခြင်း
ပျက်ယွင်းမှုဖြစ်နိုင်သည့်အကြောင်းအရင်း
အောက်ခံမြေ (သို့) အခြေခံလွှာတွင် ရွှံ့၊ နုံး များပြီးရေပါဝင်နှုန်းများခြင်း

ပျက်ယွင်းမှုအမျိုးအစား
(4) Rocking
(ယာဉ်ဖြတ်သန်းစဉ် Joint (သို့) Crack နေရာ၌ ပေါ်အောက်လှုပ်ရှားနေခြင်း
ပျက်ယွင်းမှုဖြစ်နိုင်သည့်အကြောင်းအရင်း
Pumping ဖြစ်ခြင်း
အောက်ခံမြေနှင့် အခြေခံလွှာအင်အားနည်းခြင်း
အောက်ခံမြေ (သို့) အခြေခံလွှာတွင် ရွှံ့၊ နုံး များပြီးရေပါဝင်နှုန်းများခြင်း

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ