Sunday, March 3, 2013

ချစ်မိသူက သူငယ်ချင်း



ချစ်မိသူက သူငယ်ချင်း
တစ်ဘ၀စာကြံရွယ်ကာ
မြတ်နိုးစွာချစ်ခဲ့ပေမယ့်
နင်နှစ်သက်သူက
ငါမဟုတ်ခဲ့ပါဘူး။
နင်ထားရာနေ စေရာကိုသွားခဲ့ပေမယ့်
နင့်ချစ်သူက ငါမဟုတ်ခဲ့ပါဘူး
ဘ၀မှာတောင်းဆုတစ်ခုသာ ပြုရမယ်ဆိုရင်
နင်ရဲ့အချစ်ကို ငါ
ပိုင်ဆိုင်ခွင့်ရချင်ပါရဲ့
ငါ့ရဲ့အပေါ်သူငယ်ချင်းထက်
မပိုနိုင်တဲ့နင်ကတော့
ငါ့အချစ်ကို လျစ်လျူရှုလို့
တစ်စုံတစ်ယောက်ကိုသာ
စောင့်မျှော်နေသူပါ
ဒါပေမယ့် သူငယ်ချင်းရယ်
အပြစ်မယူရက်လောက်အောင်ကို
နင့်ကိုငါချစ်ခဲ့ပါတယ်။

1 comment:

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ