လမ်းတာတည်ငြိမ်မှု
လမ်းတာတည်ငြိမ်ခိုင်ခံ့သာ
၎င်းပေါ်တွင်တည်ဆောက်ထားသော လမ်းလွှာ( pavement) တည်ငြိမ်မှုရှိပါမည်။
လမ်းတာတွင်
အဓိကပျက်ယွင်းမှု (၃) မျိုးဖြစ်နိုင်ပါသည်။ ၎င်းတို့မှာ-
၁။ နိမ့်ကျမှုကြောင့်ပျက်ယွင်းခြင်း
(Failure due to Settlement)
၂။ ရုတ်တရက်ပြိုကျမှုကြောင့်ပျက်ယွင်းခြင်း
( Failure due to Sudden Shear Failure)
၃။ ရေတိုက်စားမှုကြောင့်ပျက်ယွင်းခြင်း
( Failure due to Erosion)
၁။ နိမ့်ကျမှုကြောင့်ပျက်ယွင်းခြင်း
နိမ့်ကျမှုသည်
အကြောင်း(၂)မျိုးကြောင့်ဖြစ်ပေါ်နိုင်ပါသည်။ ၎င်းတို့မှာ-
(က) လမ်းတာသည် ပွနေရာမှ ကျစ်လစ်သွား၍နိမ့်ကျခြင်း(
Settlement due to Compaction)
(ခ) လမ်းတာအောက်ရှိပြည့်ဝနေသော မြေလွှာမှရေများထွက်သွားသဖြင့်
နိမ့်ကျခြင်း (Settlement due to consolidation)
တားဆီးရန်နည်းလမ်းများ
လမ်းတာသည် ပွနေရာမှကျစ်လစ်သွားသဖြင့် နိမ့်ကျမှုဖြစ်ပေါ်ခြင်းမှာ
လမ်းတာတည်ဆောက်ချိန်၌ စံချိန်စံညွန်းသတ်မှတ်ချက်ဖြစ်သည့် သိပ်သည်းမှုအဆင့်မီရန် အလွှာလိုက်ကြိတ်ခင်းတည်ဆောက်ြခင်း
မပြုလုပ်ခဲ့၍ဖြစ်ပါသည်။ သိပ်သည်းမှုအဆင့်မီသည့် လမ်းတာပေါ်၌ယာဉ်များဖြတ်သန်းသွားလာသောအခါ
ယာဉ်ဖိအားကြောင့် ကျစ်လစ်သိပ်သည်းမှုများထပ်မံဖြစ်ပေါ်ပြီး လမ်းတာနိမ့်ကျခြင်းဖြစ်ပါသည်။
တားဆီးရန်မှာ လမ်းတာတည်ဆောက်ချိန်၌ အောက်ပါအတိုင်းဆောင်ရွက်ရပါမည်။
နိမ့်ကျမှု(က)အတွက်
ဆောင်ရွက်ရန်နည်းလမ်းများ
အလွှာလိုက်
ကြိတ်ခင်းရမည်။
(လမ်းကြိတ်စက်ကြိတ်နိုင်သည့်
အင်အားအလိုက်မြေပွလွှာအထူကို သတ်မှတ်ရပါသည်။မြေပွလွှာအထူသည် ၉လက်မ မှ ၁၈ လက်မအထိရှိနိုင်ပါသည်။)
- သင့်တော်မည့်လမ်းကြိတ်စက်ဖြင့်ကြိတ်ရမည်။
(ရွှံ့မြေဖြစ်လျှင် Sheep foot Compactor သုံးပြီး၊ သဲမြေဖြစ်ပါက Smooth Wheeled
Roller Vibration သုံးရမည်။)
- မြေပွလွှာရှိရေပါဝင်နှုန်းသည် အလောတော်ရေပါဝင်နှုန်း(
optimum moisture content) + or -2% ရှိရမည်။
- သတ်မှတ်သိပ်သည်းမှုအဆင့် (>90%) ရသည်အထိကြိတ်ရမည်။
လမ်းတာအောက်တွင်ရေပြည့်ဝနေသော ရွှံ့မြေလွှာရှိပါက
လမ်းတာ၏ဖိအားကြောင့် ရွှံ့မြေလွှာမှရေများ စိမ့်ထွက်ပြီး နိမ့်သွားနိုင်သည်။ ရေပြည့်ဝနေသော
ရွှံ့မြေလွှာပေါ်၌ လမ်းတာတည်ဆောက် ပါက ဤနိမ့်ကျမှုမျိုးဖြစ်နေပါမည်။
ဤနိမ့်ကျမှုမျိုးမရှောင်နိုင်သဖြင့် နိမ့်ကျသွားမှုများကို
လမ်းတာတည်ဆောက်ချိန်အတွင်း ဖြစ်ပေါ်ရန် ပြုလုပ်ထားသော နည်းကိုအသုံးပြုရပါမည်။သို့မှသာ
ယာဉ်များဖြတ်သန်းသွားလာချိန်တွင်နိမ့်ကျမှုများ ဖြစ်ပေါ်ပြီး ဖြစ်သဖြင့် ထပ်မံနိမ့်ကျမှုများမဖြစ်ပေါ်တော့ပေ
No comments:
Post a Comment